Monday, March 21, 2016

"နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးရဲ့ နောက်ဆုံးနှစ်တွင် .facebook အသုံးပြုမှုကို ရပ်နားထားပါမည်

......................
-1987-ခုနှစ်..တပေါင်းလပြည့်နေ့အ၀င် အာရုံတက်မှ အဓိဋ္ဌာန် အထူးပြုကာ စတင်ခဲ့သော ဤစာရေးသူရဲ့ "နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးသည်"..23/03/2016-ဗုဒ္ဓဟူးနေ့=အခုဒီနှစ်ရဲ့ တပေါင်းလပြည့်နေ့တွင် ၂၉-နှစ်တိတိ ပြည့်ပါပြီ။
-နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးအတွက် နောက်ထပ် တစ်နှစ်သာ လိုတော့တယ်ပေါ့နော..။
.................
--အခုဆိုရင် ကျနော်သည် နှစ်ပေါင်း ၃၀ ဆက်တိုက် ပဒေသာကျင့်စဉ်ကြီး > နောက်ဆုံးနှစ်ရဲ့ ချေမှုန်းရေး SHOW ကွင်းကြီးထဲမှာ ရောက်ရှိနေချိန်,အလွန်အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်..

>> CCTV ကင်မရာတွေထက် ပိုမိုအစွမ်းထက်တဲ့ ဒိဗ္ဗစက္ခု=တန်ခိုးမျက်လုံးများနဲ့ ၀ိဇ္ဇာဓိုရ်တွေ နတ်တွေ ဗြဟ္မာအပါအ၀င် တန်ခိုးလောကသားများက ကျနော့်ရဲ့ ONE MAN SHOW စွမ်းရည်ဖော်ထုတ်ပြဆောင်မှုများကို အသေးစိပ်ကစလို့ ကြည့်ရှုမှတ်တမ်းတင်နေကြတဲ့အချိန်..ကျနော့်အနေနဲ့ အထူးဂရုထားရမဲ့အချိန် ဖြစ်ပါတယ်။- နောက်ဆုံးနှစ်ရဲ့ ချေမှုန်းရေး SHOW ကွင်းကြီးထဲမှာ ရောက်ရှိနေသူ=ကျနော့်သည် စိတ်ဓာတ်ဥာဏ်အစဉ် ကြည့်လင်ဖြောင့်လင်းမှုတို့..ရှိနိုင်စေရေးအတွက် အာရုံတစ်ချို့ကို လျစ်လျူထားကာ ပြတ်ခြားလိုက်ရမယ်ပေါ့နော..။
အဲဒါကြောင့်မို့.."နှစ်ပေါင်း ၃၀-ဆက်တိုက် အဓိဋ္ဌာန်ကျင့်စဉ်ကြီးရဲ့ နောက်ဆုံးနှစ်တွင် .facebook အသုံးပြုမှုကို ရပ်နားထားပါမည်"
-blogs တွေထဲမှာ post အသစ် တင်ပေးနေတာကိုလဲ ရပ်နားထားပါမည်။

(-ဤ blogs ထဲက post အဟောင်းများကိုလဲပဲ ခေတ္တ၀ှက်သိမ်းထားကာ စိစိစစ်စစ်နဲ့ ပြန်လည်ဖော်ပြပေးထားမည်။)

-အင်အာနက်အသုံးပြုမှုတွေ အားလုံး ရှောင်ကြဉ်မည်။
-ခြွင်းချက်အနေနဲ့ကတော့ အလွန်အရေးကြီးတဲ့ ဒိဗ္ဗစက္ခု အဖြေစဉ်တစ်ချို့ကို.. အချိန်အခါသိကာ ဖော်ပြပေးထားမည်။
+++++++++++++++++++++++
-စာဖတ်သူ မိတ်ဆွေများနှင့်အသိအခင်တွေအားလုံး လူနတ်သတ္တ၀ါပေါင်းစုံ အကုန်လုံးတို့အား စိမ်ရေပြယ် ကျိန်စာဖယ်လို့ အကုသိုလ်ကွယ် အန္တရာယ်ပျောက်ပြီးလျင် ကိုယ်စိတ်နှစ်ပါးစုံတို့၌ ကျမ္မာကြပါစေ..ချမ်းသာကြပါစေ..ဘေးရန်ဆင်းရဲအပေါင်းတို့မှ ကင်းဝေးကင်းလွတ်ကြပါစေ-မိမိတို့အတွက် ရသင့်ရထိုက်သမျှသော အကောင်းအမြတ်သုခတရားများကို
-လွယ်ကူလျင်မြန်စွာနဲ့ အချိန်အမြန်မှီအောင် ရယူပိုင်ဆိုင်နိုင်ကြပါစေ၊
--လွယ်ကူလျင်မြန်စွာနဲ့ အချိန်အမြန်မှီအောင် ရရှိပိုင်ဆိုင်နိုင်ကြပါစေ၊
*********************************