**ရဟန္တာနာမည်ကျော် သိက္ခာဝါ(၇၀)ကျော် အဂ္ဂါ-ဘိဓဇ-ဂုရု ကမ္မဋ္ဌာန်းပြဆရာတော်ဘုန်းကြီးကို ကမ္မဋ္ဌာန်းကျင့်စဉ်များဖြင့်ပင် ပြတ်ပြတ်သတ်သတ်ကြီး ယှဉ်ပြိုင်အနိုင်ယူခဲ့သူ ကိုရင်သစ်လေး -ရှင်ကုဝေရ**


**ရဟန္တာနာမည်ကျော် သိက္ခာဝါ(၇၀)ကျော် အဂ္ဂါ-ဘိဓဇ-ဂုရု
ကမ္မဋ္ဌာန်းပြဆရာတော်ဘုန်းကြီးကို ကမ္မဋ္ဌာန်းကျင့်စဉ်များဖြင့်ပင်
ပြတ်ပြတ်သတ်သတ်ကြီး ယှဉ်ပြိုင်အနိုင်ယူခဲ့သူ ကိုရင်သစ်လေး
-ရှင်ကုဝေရ**
(မိမိသည်သာလျင် မိမိ၏အားကိုးရာဖြစ်၏။အခြားသောသူတို့သည်
အဘယ်မှာလျင် မိမိ၏အားကိုးရာ ဖြစ်နိုင်ပါမည်နည်း။မိမိကိုယ်ကို-
ကောင်းစွာဆုံးမခြင်းဖြင့် ရခဲသောအားကိုးရာကို ရနိုင်လေ၏။ဓမ္မပဒ။
အတ္တ၀ဂ်။။)
------------အခန်း(၃)---------------
*မန်လည်လူဝင်စား လူငယ်မွန်ကျော်ဦးမှ ဘုရားဆုပန်လိုက်တဲ့အခါ
ဂေါတမမြတ်ဗုဒ္ဓ၏အထက်ပိုင်းဗဟိုသွားတော်၂ဆူမှ ရောင်ခြည်တော်
ကွန့်မြူးထွက်ကြွကာ စေတီတော်ဝင်း-၁ခုလုံးနှင့်တစ်ကွ အရပ်မျက်နှာ
ပေါင်းစုံဆီသို့ ပျံ့နှံ့ဖုံးလွှမ်းသွားရခြင်းများ*
*ညည့်နက်ပိုင်းအချိန်ဖြစ်၍လူသူကင်းရှင်းလျက်ရှိသော ၀န်းသိုခန္တီး
ရိပ်သာတိုက်၏အရှေ့ဘက်က ဘုရားကုန်းတော်ပေါ်၌ အင်္ကျီဖြူဝတ်
လူငယ် မွန်ကျော်ဦး၁ယောက်ထဲပဲ ရဲရဲဝံ့ဝံ့နှင့် ခေါက်တုံ့ခေါက်ပြန်
စင်္ကြန်လျှောက်ရင်းဖြင့် မေတ္တာပို့ပွါးခြင်းအခြေခံတို့နှင့်တကွ-ဂုဏ်
တော်ရွတ်ပွားသရဇ္ဈယ်နေသည်ကို မည်သူမျှမသိဟု ဆိုနိုင်ပါသ
လော။(ဈာန်အဘိညာဉ်ရ-ရဟန္တာဟုနာမည်ကျော်ကြား၍နေသူ-
ဝန်းသိုခန္တီးဆရာတော်-မဟာဂုရုကြီးက-မိမိရဲ့ သမာဓိစိတ်မျက်လုံး
တန်ခိုးဖြင့် ကြည့်ရှုနေသည်ဟု ရိပ်မိတတ်ပါစေနော်။)*မကာရ လော
ပ ဘုရားလောင်းဥာဏ်စဉ် စီးဝင်လျက်ရှိနေသော လူငယ်မွန်ကျော်ဦး
သည် ခေါက်တုံ့ခေါက်ပြန်စင်္ကြန်လျှောက်နေရင်းမှ ရပ်တန့်ကာ ရွှေချ
ထားသော ကကုသန်မြတ်ဗုဒ္ဓ၏ရုပ်ပွားတော်အား မျက်တောင်မခတ်
တမ်း စေ့စေ့စူးစူးကြည့်ရှုရင်း *ကကုသန်မြတ်ဗုဒ္ဓ၏ တန်ခိုးအာနူဘော်
ကြီးမြတ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲလို့ လေးလေးနက်နက် စဉ်းစားဆင်
ခြင်လျက်နဲ့ မိနစ်ပိုင်းမျှ ငြိမ်သက်စွာ ရပ်နေပြီးလျင် ခေါက်တုံ့ခေါက်ပြန်
စင်္ကြန်လျှောက်နေပြန်၏။ထိုသို့- ခေါက်တုံ့ခေါက်ပြန်စင်္ကြန်လျှောက်နေ
ရင်းမှ ရပ်တန့်ကာ ရွှေချထားသော ကောဏာဂုဏ်မြတ်ဗုဒ္ဓ၏ရုပ်ပွားတော်
အား မျက်တောင်မခတ်တမ်း စေ့စေ့စူးစူးကြည့်ရှုရင်း *ကောဏာဂုဏ်
ဗုဒ္ဓ၏ တန်ခိုးအာနူဘော် ကြီးမြတ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲလို့လေးလေး
နက်နက် စဉ်းစားဆင်ခြင်လျက်နဲ့ မိနစ်ပိုင်းမျှ ငြိမ်သက်စွာ ရပ်နေပြီးလျင်
 ခေါက်တုံ့ခေါက်ပြန် စင်္ကြန်လျှောက်နေပြန်၏။*စင်္ကြန်လမ်းမ-အလယ်မှာ
ရပ်တန့်ကာ ရွှေချထားသော ကဿပမြတ်ဗုဒ္ဓ၏ရပ်တော်မူ ရုပ်ပွါးဆင်းတု
အား မျက်တောင်မခတ်တမ်း စေ့စေ့စူးစူးကြည့်ရှုရင်း *ကဿပမည်သော
ဗုဒ္ဓ၏ တန်ခိုးအာနူဘော် ကြီးမြတ်ခြင်းဆိုတာ ဘယ်လိုမျိုးလဲလို့လေးလေး
နက်နက် စဉ်းစားဆင်ခြင်လျက်နဲ့ မိနစ်ပိုင်းမျှ ငြိမ်သက်စွာ ရပ်နေပြီးလျင်
ခေါက်တုံ့ခေါက်ပြန် စင်္ကြန်လျှောက်နေပြန်၏။*(ဤရပ်တော်မူ ရွှေဆင်းတု
ကြီးလေးဆူတို့ကို ဂျပန်လူမျိုးဒါယကာ ဗိုလ်မှုးကြီးဆူဇူကီးမှ လှုဒါန်းပူဇော်
ထားခြင်းဖြစ်ပါ၏။)*နာရီဝက်ခန့်ဆက်တိုက်ကြီး စင်္ကြန်လျှောက်နေရင်းနှင့်
သမာဓိအားအရှိန်အဆင့်ဆင့်တို့ကို အားရကျေပ်လောက်အောင် မြှင့်တင်
ပြီးလျင်-ဂေါတမမြတ်ဗုဒ္ဓ၏ရပ်တော်မူ ရွှေဆင်းတုတော်မြတ်ကို မျက်
တောင်မခတ်တမ်း စေ့စေ့စူးစူးကြည့်ရှုရင်း*အပိုအစွန်းကမ္ဘာပေါင်း၁သိန်း
ခန့်နှင့်ကမ္ဘာစဉ်ပေါင်းလေးအသင်္ချေကာလ ကျင့်ရုံမျှဖြင့် သဗ္ဗညုတရွှေ
ဥာဏ်တော်ပိုင်ရှင် မဟာသမ္မာသမ္ဗုဒ္ဓတစ်ဆူ-စစ်စစ်ဟူ၍ တကယ်ပဲဖြစ်
တော်မူသတဲ့လား။၎အသင်္ချေကို ၄လီမြှောက်ပွါးကာ ကမ္ဘာစဉ်သောင်း
သိန်းအပိုအလွန်တို့နှင့်တကွ ၁၆အသင်္ချေတိတိတိုင်အောင် ငါကျင့်မည်*
ဝေနေယျအပေါင်း လူနတ်သတ္တ၀ါအပေါင်းတို့ကို နိဗ္ဗာန်ချမ်းသာ လော
ကုတ္တရာဆီသို့ မိမိနှင့်တစ်ပါတည်း ထုတ်ဆောင်ခေါ်ယူသွားနိုင်စွမ်းသူ
*ထူးထူးဆန်းဆန်းတန်ခိုးအာနူဘော်တို့ဖြင့် ပြည့်စုံကြီးမြတ်၍နေနိုင်စွမ်း
သူ-ဘုန်းကံကြီးရှင် မဟာသမ္မာသမ္ဗုဒ္ဓစစ်စစ်ဟူ၍ အဟုတ်တကယ်အဖြစ်
ကြီး ငါဖြစ်အံ့*။။******။။။*ငါဖြစ်အံ့*ဆိုတဲ့ ဆုတောင်းရွတ်ဆိုသံပြီးဆုံး
သွားတာနဲ့--*ဂေါတမမြတ်ဗုဒ္ဓ၏ရပ်တော်မူရွှေရုပ်ပွါးတော်မှ ချက်ချင်းကြီး
အရှင်ဓာတ်စီးဝင်ကာ ပြုံးတော်မူမျက်နှာထားနှင့်ရွှေနှုတ်ခမ်းတော်ပွင့်ဟ
သွားခြင်း အထက်ပိုင်းဗဟိုသွားတော်၂ဆူက ဖြူကြည်အေးမြငြိမ်သက်
သော အလွန်ကြည်ညိုဖွယ်ရာ သြဒါတရောင်ခြည်တော်အလင်းဓာတ်များ
သည် ထူးထူးခြားခြားဆန်းဆန်းကြယ်ကြယ်ဖြင့် တကယ်ကြီးပင် ကွန့်မြူး
ထွက်ကြွလာကာ ဘုရားဆုပန်မွန်ကျော်ဦးအဓိကနှင့် ဝေနေယျအားလုံး-
လူနတ်သတ္တ၀ါအားလုံးတို့အတွက် အပူအဇော်ခံ အရှိခိုးခံဘို့ရန် မတုန်မ
လှုပ် တည်ငြိမ်စွာ ပွင့်လင်းပေါ်ထွန်းဖြစ်တည်ပေးလာရခြင်းတို့သည်-တစ်
ပြိုင်ထဲလိုလို ဖြစ်သွားရတော့၏။*(ထိုရောင်ခြည်တော်အလင်းဓာတ်သည်
မိနစ်ပေါင်းများစွာ မတုန်မလှုပ်နဲ့ ပွင့်လင်းပေါ်ထွန်းလျက် ငြိမ်ငြိမ်သက်သက်
ကြီး အပူဇော်ခံလျက် နေပါ၏။ရောင်ခြည်တော်မှာ အရပ်ခြောက်မျက်နှာသို့
ပြေးလွှားပြန့်နှံ့လို့ နေပါ၏။*အင်္ကျီဖြူဝတ်လူငယ်မွန်ကျော်ဦးကို ကြည့်ရှုပြီး-
မဟာဂုရု ၀န်းသိုဆရာတော်ဘုန်းကြီးမှ အဆက်မပြတ်တမ်းမေတ္တာပွါးပို့ပေး
နေသကဲ့သို့ပင် ဂေါတမဗုဒ္ဓ၏သြဒါတရောင်ခြည်တော်မှာလဲ ဘုရားဆုပန်
လူငယ်မွန်ကျော်ဦးရှိနေသရွေ့-အဆက်မပြတ်တမ်းပဲ မိနစ်ပေါင်းများစွာ နာ
ရီဝက်ခန့်ကြာနေပြီးတဲ့တိုင်အောင်-ထင်ထင်ရှားရှားအလင်းဓာတ်အားကြီး
တွေနှင့် ပွင့်လင်းထွန်းတောက်လို့နေဆဲပါတကား*)*ဤသို့သော-ဗုဒ္ဓရောင်
ခြည်တော်တွင် ကြည်ညိုကာရပ်ကြည့်လျက် အချိန်ဖြုန်းတတ်သူတို့ကား-
သာဝကတန်းဝင်များဖြစ်၏။ငါကား ကျိန်းသေပေါက်ဘုရားဖြစ်ရမည့်သူဖြစ်
၏။ယ္ခုပင် ကမ္မဋ္ဌာန်းကျင့်စဉ်ဝင်တော့အံလို့ *စိတ်ထဲက ကြုံးဝါးပြောဆိုပြီး
လျင် ပြောမိပါက ပြောဆိုမိတဲ့အတိုင်းကိုယ့်စကား ကိုယ်တာဝန်ယူတတ်နေ
ကျ-၀ါသနာကြီးများအတိုင်း ကမ္မဋ္ဌာန်းအလုပ်ခွင်ဝင်ဘို့ရန်အလို့ငှာ-ထိုထိုဗုဒ္ဓ
ရောင်ခြည်တော်ကို ကျောခိုင်းကာ တဲ့တဲ့တန်းတန်းဖြောင့်ဖြောင့်ကြီးပဲ-
*နောက်ပြန်လှည့်မဲ့*သော ထွက်သွားခြင်းမျိုးဖြင့် တစ်ဟုန်ထိုးကြီး လျင်မြန်
သွက်လက်စွာ ထွက်ခွါသွားလိုက်ပြီ။*လသာသောည-သည် ယ္ခုအခါအလွန်
ထူးဆန်းစွာပင် ၂ဆတိုးတက်၍ နေ့အခါကဲ့သို့ အလင်းကြီးလင်းလျက်နေပါ၏။
ဝန်းသိုခန္တီးရိပ်သာထဲတွင် ဟောင်တတ်သောခွေးတွေပေါများ၏။ညည့်နက်
သန်းခေါင်ကျော်အချိန်-လူငယ်မွန်ကျော်ဦးမှ-အရှေ့ဘက်ဘုရားကုန်းတော်
ပေါ်က ဆင်းလာပြီး ရိပ်သာထဲဝင်လာ ဖြတ်လျှောက်သွားသည်ကို မြင်ကြရ
သော ရိပ်သာတွင်းနေ ထိုထိုခွေးအားလုံးတို့သည် မွန်ကျော်ဦးအား မှောက်
ဝပ်ကာ အမြီးတနှံ့နှံ့နှင့် အသံတိတ်နှင့် အရိုအသေပေးလျက်နေကြ၏။လူငယ်
ကျော်ဦးကား လုံးဝပင်စောင်းငဲ့မကြည့်ပါ။တဲ့တဲ့ဖြောင့်ဖြောင့်ကြီးပင်-ကိုယ့်
လမ်းကိုယ်လျှောက်၍နေ၏။*ဤလိုအချိန်မျိုးမှာ လူငယ်မွန်ကျော်ဦးရဲ့သွား
နေဆဲရှေ့ဝယ် နဂါးပဲဖြစ်ဖြစ်။ဘီလူးပဲဖြစ်ဖြစ်။မာရ်နတ်ပဲဖြစ်ဖြစ်။ဘယ်လိုတန်
ခိုးရှင်မျိုးပဲဖြစ်ဖြစ်။ဟန့်တားတဲ့သဘောနဲ့ပိတ်ရပ်နေမယ်ဆိုရင် လူငယ်မွန်
ကျော်ဦးရဲ့ မကာရလောပ ဘုရားလောင်းဥာဏ်ဓာတ်စီးဝင်နေဆဲအခြေခံဖြင့်
မန္တာန်အတတ်တန်ခိုးထုတ်သုံးကာ ပစ်ခွင်းလိမ့်မည် ကျိန်းသေပေါက်ဖြစ်သော
ကြောင့် ထိုထိုပိတ်ရပ်လာသူတန်ခိုးရှင်မှန်သမျှတို့အား-အသေဆိုးသေရ
လတ္တံ့။ဧကန်မုချ-အတိအကျပါပဲလို့ -မှတ်။*
(အထူးမှတ်ရန်။။။ဤblog မှာ post တွေ တင်တဲ့အခါ=မာန်လည်ကို..မန်
လည်လို့(-ာ)ကိုဖြုတ်ထား၏။ဥာဏ်ရည်နိမ့်လွန်းသူများ ဤblog ထဲမှ post
တွေကိုဖတ်ပြီး ပြစ်မှားလျင် မာန်ဓာတ်ခိုက်အားကြီးနဲ့-မိသွားကြတာမျိုး မဖြစ်
စေချင်လို့ပါနော်။စာဖတ်သူများ-ဥာဏ်မမှီနိုင်အောင် အလွန်ထူးဆန်းသိမ်မွေ့
သောအကြောင်းအရာတချို့ကိုလဲ ချန်ရစ်ထားတာရှိသေး၏။*အဗြဟ္မစရိယာ
သီလသိက္ခာပုဒ်အဓိကနဲ့ သီလတွင်အထူးစင်ကြယ်အောင်-သတိပဋ္ဌာန်အမှတ်
တရားများကိုလဲ အလုပ်ပင်ပန်းနေပစေ-အတင်းအားထဲ့အားခဲကာ ရှုမှတ်၍
စိတ်ဥာဏ်စင်ကြယ်ခြင်းတွေ ရှိနိုင်သလောက်ရှိနေရအောင်-ဤလိုမျိုး ဂရု
စိုက်လို့ ဤpost ကိုရေးပါတယ်ခင်ဗျာ။အားလုံးပဲ အဆင်ပြေကြပါစေနော်။)